စက်တင်ဘာလ(၈)ရက်နေ့က ကစားခဲ့တဲ့ နေးရှင်းလိဂ်အုပ်စုပွဲစဉ်မှာ ပေါ်တူဂီအသင်းက စကော့တလန်အသင်းကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စကော့တလန်အသင်းက ပွဲချိန်အစမှာတင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပေါ်တူဂီအသင်း အခက်တွေ့ခဲ့ရပေမယ့်လည်း တိုက်စစ်မှူးရော်နယ်ဒိုရဲ့ နောက်ကျသွင်းဂိုးကြောင့် (၂)ဂိုး၊ (၁)ဂိုးနဲ့ ပွဲအပြီးမှာ အနိုင်ရခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ အခုပွဲစဉ်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို ပွဲထွက်စာရင်းမှာ အသုံးမပြုခဲ့တာကြောင့် ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်းအစမှာတင် ရော်နယ်ဒိုက လူစားဝင် ကစားခဲ့ပြီး အသင်းအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

စကော့တလန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ(၇)မိနစ်မှာတင် တွမ်မီနေးက သွင်းယူပေးခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းအတွက် ဂိုးတွေကို ပွဲချိန်(၅၄)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ (၈၈)မိနစ်မှာ ရော်နယ်ဒိုတို့က သွင်းယူပေးခဲ့ကြပါတယ်။
ရော်နယ်ဒိုဟာ အခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝသွင်းဂိုး (၉၀၁)ဂိုးပြည့်မြောက်ခဲ့သလို ပေါ်တူဂီအသင်း ကလည်း နေးရှင်းလိဂ်ပြိုင်ပွဲ (၂)ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်အနိုင် ရရှိခဲ့ပါတယ်။