အောက်တိုဘာလ(၃)ရက်နေ့က ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ မက်ဂွားယားရဲ့ နောက်ကျ ချေပဂိုးကြောင့် အဝေးကွင်းမှာ အဖိုးတန်သရေ(၁)မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ပေါ်တိုအသင်းကို ပွဲချိန်မိနစ်(၉၀)အထိ ရှုံးနိမ့်နေခဲ့ပေမယ့်လည်း အချိန်ပို(၁)မိနစ်မှာ မက်ဂွားယားက ချေပဂိုးသွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ တစ်ဖက်(၃)ဂိုးစီ သရေကျခဲ့တာပါ။
မန်ယူအသင်းဟာ အခုပွဲစဉ်မှာ ဇက်ဇီးအစား ဟွိုက်လန်းကို အသင်းရဲ့တိုက်စစ်မှာ အသုံးပြုလာခဲ့သလို အဓိကကစားသမားတွေနဲ့ ပေါ်တိုအသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဘရူနိုကလည်း ပွဲကစားချိန်(၈၁)မိနစ်မှာ (၂)ဝါ၊ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အခက်တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် (၇)မိနစ်မှာ ရက်ရှ်ဖို့ဒ်၊ မိနစ်(၂၀)မှာ ဟွိုက်လန်းနဲ့ မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပို(၁)မိနစ်မှာ မက်ဂွားယားတို့က သွင်းယူပေးခဲ့ကြပါတယ်။
ပေါ်တိုအသင်းအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန်(၂၇)မိနစ်မှာ ပီပီ၊ (၃၂)မိနစ်နဲ့ မိနစ် (၅၀)မှာ အိုမိုရိုဒီရွန်က သွင်းယူခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ယူရိုပါလိဂ် (၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲသရေရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၂၁)နေရာမှာ ရပ်တည်နေပါတယ်။