အင်တာမီလန်အသင်းဟာ လက်ရှိနည်းပြအင်ဇာဂီကို (၂၀၂၆)အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ ဇူလိုင်လ(၁၂)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ နည်းပြအင်ဇာဂီ လက်ထက်မှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် စာချုပ်သစ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ရှုံးပွဲ(၂)ပွဲသာ ရှိခဲ့သလို ဒုတိယနေရာက အေစီမီလန်အသင်းကို (၁၉)မှတ်အထိဖြတ်ကာ အမှတ်ပေး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာြဖစ်ပါတယ်။
နည်းပြ အင်ဇာဂီလက်ထက် အင်တာမီလန်အသင်းဟာ ခံစစ်ကစားပုံ ကောင်းမွန်ခဲ့သလို တိုက်စစ်ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေ ကို ခံနေရတာဖြစ်ပါတယ်။
အင်တာမီလန်အသင်းနဲ့ နည်းပြအင်ဇာဂီတို့ရဲ့ စာချုပ်သက်တမ်းက (၂၀၂၅)ခုနှစ်ထိ ရှိတယ်ဆိုပေမယ့် (၁)နှစ်သက်တမ်းတိုးခဲ့တာကြောင့် နည်းပြအင်ဇာဂီဟာ (၂၀၂၆)ခုနှစ်အထိ အသင်းကို ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။