ဆွစ်ဇာလန်အသင်းဟာ အသင်းရဲ့လက်ရှိနည်းပြ ယာကင်ကို စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က ဇူလိုင်လ(၁၂)ရက်နေ့မှာ တရားဝင် ကြေညာသွားခဲ့ပါတယ်။
နည်းပြ ယာကင်လက်ထက် ဆွစ်ဇာလန်အသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိခဲ့သလို ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့တာကြောင့်လည်း စာချုပ်သစ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆွစ်ဇာလန်အသင်းဟာ နည်းပြယာကင်အပြင် လက်ထောက်နည်းပြ ကွန်တီနီကိုလည်း စာချုပ်သစ် ထပ်မံချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်ပါ အချက်အလက်အသေးစိတ်ကို လာမယ့်တနင်္လာနေ့မှာ တရားဝင် ကြေညာသွားမယ်လို့ သိရပါတယ်။
ဆွစ်ဇာလန် အသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့သလို လက်ရှိချန်ပီယံအီတလီအသင်းနဲ့ (၁၆)သင်းရှုံးထွက်အဆင့် ပွဲစဉ်မှာလည်း (၂)ဂိုးပြတ်အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
နည်းပြယာကင် လက်ထက် ဆွစ်ဇာလန်အသင်းဟာ ပြိုင်ပွဲစုံ(၁၉)ပွဲကစားခဲ့ရာမှာ (၁)ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။