ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အနားယူရမှာဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဒေါ့မွန်နဲ့ပွဲစဉ်မှာ ပွဲအစ (၃၃)မိနစ်မှာတင် ဒဏ်ရာရလို့ လူစားလဲခံခဲ့ရတာပါ။ ဟယ်ရီကိန်းဟာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး အသေးစားဒဏ် ရာဖြစ်ပေမယ့် အချိန်အတိုင်းအတာတစ်ခုထိ အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။
အသက် (၃၁)နှစ်အရွယ် ဟယ်ရီကိန်းဟာ အခုဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အတွက်ခြေစွမ်းပြ ကစားနေခဲ့ သလို ပြိုင်ပွဲစုံ(၁၉)ပွဲမှာ သွင်းဂိုး(၂၀)အထိ သွင်းယူထားပါတယ်။ ဒါကြောင့် အခုလိုမျိုး ဟယ်ရီကိန်း ဒဏ်ရာရရှိ သွားခဲ့တာက ဘိုင်ယန်မြူးနစ်အသင်းအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒေါ့မွန် နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ (၁)ဂိုးစီ သရေကျခဲ့တာဖြစ်ပေမယ့်လည်း အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ်။