မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အော်စကာဘော့ဟာ လေ့ကျင့်ရေးကွင်းမှာ ခြေချောင်းကျိုး ဒဏ်ရာရခဲ့တဲ့အတွက် ရာသီအစပိုင်းပွဲတွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
ဘော့ဟာ ဩဂုတ်လ ၁၄ ရက်နေ့ အသင်းရဲ့လေ့ကျင့်ရေးမှာ အသင်းဖော်တွေနဲ့ ထိခိုက်မှုမရှိဘဲ ခြေချောင်းကျိုးဒဏ်ရာကို ရရှိသွားခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် ဘော့ရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ်သိရဖို့ နောက်ထပ် စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှသာ အချိန်ဘယ်လောက် အနားယူရမလဲဆိုတာကို အတိအကျ သိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အော်စကာဘော့ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ၂၆ ပွဲ ကစားပေးထားပြီး ၂ ဂိုးသွင်းယူ ပေးထား နိုင်ခဲ့သလို အခုနွေရာသီ ခြေစမ်းခရီးမှာလည်း ကောင်းမွန်တဲ့ခြေစွမ်းကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို အော်စကာဘော့ ဒဏ်ရာရသွားတဲ့သတင်းက နည်းပြဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းအတွက်လည်း ထိုးနှက် ချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။
နော်ဝေလူငယ်ခြေတက် အော်စကာဘော့ဟာ မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူ နတီဒိုင်းပွဲစဉ်မှာလည်း မန်စီးတီးအတွက် ၈၉ မိနစ် ကစားခွင့် ရထားခဲ့တာဖြစ်ပါတယ်။