ဆွီဒင် တုတ်ထောက်ခုန်ကစားသမား ဒူပလန်တစ်ဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ သူ့ရဲ့ ကမ္ဘာ့စံချိန်ဟောင်းကို ချိုးဖျက်ပြီး ကမ္ဘာ့စံချိန်သစ်တင်သွားခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ်ဒူပလန်တစ်ဟာ သောကြာနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ ၆ ဒဿမ ၂၇ မီတာအထိ ခုန်ပြ ခဲ့ပြီး စံချိန်သစ်တင်သွားခဲ့ဝာာ ဖြစ်ပါတယ်။ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ သူကိုယ်တိုင်တင်ထားခဲ့တဲ့ ၆ဒဿမ၂၅ မီတာဆိုတဲ့ကမ္ဘာ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

တုတ်ထောက်ခုန်ပြိုင်ပွဲတွေမှာ သူ့ရဲ့ ကမ္ဘာ့စံချိန်သစ်ကို ၂၀၂၀ မှာ စတင် နိုင်ခဲ့တဲ့ ဒူပလန်တစ်ဟာ ၅ နှစ်တာကာလအတွင်း ကမ္ဘာ့စံချိန်သစ်ကို ၁၁ ကြိမ်အထိ တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာလည်း ဒူပလန်တစ်ဟာ ၁၉၅၆ နောက်ပိုင်း တုတ်ထောက်ခုန် အိုလံပစ်ရွှေတံဆိပ်ဆုကို ၂ ကြိမ်ဆက်ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့ဖူးပါတယ်။