အခုရာသီအပြောင်းအရွေ့မှာ အက်သလက်တီကိုအသင်းကို ရောက်ရှိလာခဲ့တဲ့ ဂယ်လက်ဟာက အသင်းသစ်မှာ ကစားရမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဩဂုတ်လ(၂၂)ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဂယ်လက်ဟာအနေနဲ့ ချယ်လ်ဆီးအသင်းမှာ (၁၈)နှစ်ကြာ ကစားခဲ့ပေမယ့် အသင်းကရောင်းချဖို့ လုပ်ဆောင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေက စိတ်လှုပ်ရှားစရာကောင်းသလို အသင်းအတွက် အမြန်ဆုံး ကစားပေးချင်နေပြီလို့ ဂယ်လက်ဟာက ပြောပါတယ်။

ကစားခဲ့တဲ့အသင်းတွေမှာလည်း အစွမ်းကုန်ကြိုးစားခဲ့တာမလို့ အက်သလက်တီကိုအသင်းမှာလည်း ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဂယ်လက်ဟာက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
အက်သလက်တီကိုအသင်းဟာ ဂယ်လက်ဟာကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးယူရို (၄၂)သန်းပေးခဲ့ရပြီး (၂၀၂၉)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။