တိုးဒီဖရန့် ပြင်သစ်ခရီးရှည် စက်ဘီးစီးပြိုင်ပွဲ အဆင့်-၁၀ မှာ ဘယ်လ်ဂျီယံနိုင်ငံသား ဖိလစ်ဆန် အနိုင်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ အဆင့် လေးဆင့်အထိ အနိုင်ရခဲ့တဲ့ ဖိလစ်ဆန်ဟာ အခုနှစ်ပြိုင်ပွဲမှာတော့ နိုင်ပွဲတစ်ပွဲရဖို့ကို စောင့်ဆိုင်းခဲ့ရပေမယ့် ဇူလိုင်လ ၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အဆင့်-၁၀ မှာအကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။
၁၈၇ ဒသမ ၃ ကီလိုမီတာခရီးကို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဖိလစ်ဆန်က ၄ နာရီ ၂၀ မိနစ် ၀၆ စက္ကန့်နဲ့ထိပ်ဆုံးကနေ ပန်းဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အီရစ်ထရီယာနိုင်ငံသား ဂျီယာမေက ဒုတိယ ရခဲ့ပြီး ဂျာမနီနိုင်ငံသား အက်ကာမန်က တတိယ အသီးသီးရခဲ့ကြပါတယ်။
အဆင့် ၁၀ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ အမ်းမရိတ်စ်အသင်းသား ပိုဂါကာက ၄၀ နာရီ ၀၂ မိနစ် ၄၈ စက္ကန့်နဲ့ ဆက်လက်ဦးဆောင် နေပြီး ဘယ်လ်ဂျီယံနိုင်ငံသား အီဗီနီပိုအယ်က ၃၃ စက္ကန့်အကွာနဲ့ ဒုတိယ၊ ဒိန်းမတ်နိုင်ငံသား ဗင်ဂီဂတ်က တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ အဆင့်-၁၁ ကိုဆက်လက်ယှဉ်ပြိုင် ရမှာဖြစ်ပြီး ၂၁၁ ကီလိုမီတာခရီးကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။