တိုးဒီဖရန့် စက်ဘီးစီးပြိုင်ပွဲရဲ့ အဆင့်-၁၁ ကို ဇူလိုင်လ ၁၀ ရက်နေ့က ယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဒိန်းမတ်နိုင်ငံသား ဗင်ဂီဂတ် အနိုင်ရခဲ့ပါတယ်။
အခုအဆင့်မှာ ၁၁၇ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင် ရတာဖြစ်ပြီး အခုနှစ် တိုးဒီဖရန့်ပြိုင်ပွဲရဲ့ အဆင့်တွေထဲမှာ ပြိုင်လမ်းကြောင်း အရှည်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း အတွေ့အကြုံနဲ့ သက်လုံပိုင်းက အဓိကကျခဲ့ပြီး ပြိုင်လမ်းကြောင်း တစ်ဝက်လောက်အရောက် မှာပဲ ဗင်ဂီဂတ်နဲ့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာတို့က ရှေ့ဆုံးကနေ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပန်းဝင်ဖို့ နီးကပ်လာချိန်မှာလည်း ဗင်ဂီဂတ်နဲ့ပိုဂါကာတို့ နှစ်ဦးပဲ အနိုင်ရဖို့ ထိပ်ဆုံးကနေ အကြိတ်အနယ်ယှဉ် ပြိုင်ခဲ့ရတာ ပါ။
ဒါပေမဲ့ ဗင်ဂီဂတ်က နည်းနည်းလေးစောပြီး ပန်းဝင်နိုင်ခဲ့တာကြောင့်် အနိုင်ရခဲ့ပြီး အခုနှစ် တိုးဒီဖရန့်ပြိုင်ပွဲရဲ့ အဆင့်တစ်ခုကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပါတယ်။
အခုအဆင့်မှာ အနိုင်ရခဲ့တာကြောင့် ဗင်ဂီဂတ်ဟာ ချန်ပီယံဆုအတွက် ရပ်တည်မှုမှာလည်း တတိယနေရာကို ရောက်လာခဲ့ပါတယ်။
ချန်ပီယံဆုအတွက် ရပ်တည်မှု မှာတော့ စလိုဗေးနီးယားနိုင်ငံသား ဗင်ဂီဂတ်က ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။