တရုတ်-မြန်မာ နိုင်ငံဖြတ်ကျော် ရွှေလီ-မူဆယ် မာရသွန်ပြေးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ပါတယ်၊၊

ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြိုင်ပွဲဝင် အယောက်၁၀၀၀ကျော် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆုအမျိုးအစားတွေကတော့ မာရသွန်ပြိုင်ပွဲနဲ့ တစ်ဝက်မာရသွန်ပြိုင်ပွဲဆုတွေကို ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။ချီးမြှင့်မဲ့ ဆုတံဆိပ်ဒီဇိုင်းမှာ စကားဖြူပန်း၊ တရုတ်-မြန်မာနန်းတော်နယ်စပ်ဂိတ် စတဲ့ယဉ်ကျေးမှုအမှတ်သင်္ကေတတွေပါဝင်ပြီး “တစ်မြစ်တွင်းရေ အတူသောက်သုံးတဲ့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်” အကြောင်းအရာ ခေါင်းစဉ်ကို ပေါ်လွင်စေတယ်လို့လည်း သိရပါတယ်၊၊

ပြိုင်ပွဲပြေးလမ်းတစ်လျှောက်မှာ ပြိုင်ပွဲဝင်တွေအားဖြည့်ဖို့နေရာ ၄ ခု စီစဉ်ထားပြီး အရသာကောင်းမွန်တဲ့ စားဖွယ်စုံပေါင်း ၂၀၀၀ ကျော်ကိုလည်း စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့ဟောင်းစတဲ့ဒေသတွေမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ၊ ပွဲဈေး၊ မနောအက၊ မီးပုံပွဲတော်၊ တိုင်းရင်းသားအဆိုတော်စတိတ်ရှိုး စတဲ့အခမ်းအနားတွေကိုလည်း ကျင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။