NBA ကလပ် နယူအော်လင်းစ် ပီလီကန် အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဇီယွန် ဝီလျံဆင်ဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လာမယ့်တစ်ပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာ ဖြစ်တယ်လို့ ပီလီကန်အသင်းက အတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာ ၆ ရက်ကတည်းက ဒဏ်ရာကြောင့် နားနေ ခဲ့ရတဲ့ ဝီလျံဆင်ရဲ့ ဒဏ်ရာအခြေအနေကို အပတ်စဉ်တိုင်း စောင့်ကြည့်နေပြီး ဒဏ်ရာတိုးတက်မှုအခြေအနေကို အကဲဖြတ်သုံးသပ်တာတွေ ပြုလုပ်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ NBA All Star အသင်းမှာ နှစ်ကြိမ်ပါဝင်ခဲ့ဖူးတဲ့ ဝီလျံဆင်ဟာ ဒဏ်ရာတွေကြောင့် အခုရာသီမှာ ၆ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တာပါ။

ဝီလျံဆင်ဟာ ၂၀၁၉ မှာ ပီလီကန်အသင်းနဲ့အတူ NBA ပြိုင်ပွဲတွေ စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းနှစ် တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဝီလျံဆင်ကတော့ ဒဏ်ရာပြဿနာကနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး မကြာခင်မှာ အသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။ ဒဏ်ရာတွေကြောင့်ပဲ ၂၀၂၁-၂၂ တစ်ရာသီလုံးနီးပါး အနားယူခဲ့ ရတဲ့ ဝီလျံဆင်ဟာ NBA ကစားသမားဘဝ ၅ နှစ်တာကာလအတွင်း ပွဲစဉ်ပေါင်း ၁၉၀ ကျော် ပါဝင် ကစားပေး ထားခဲ့တာဖြစ်ပါတယ်။