စပိန်ကလပ် ဆီဗီလာအသင်းဟာ အသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တဲ့ လက်စတာတိုက်စစ်မှူးဟောင်း အီဟီယာနာချိုကို ဩဂုတ်လ(၁)ရက်နေ့မှာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။
အီဟီယာနာချိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကုန်မှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆီဗီလာအသင်းကို ရောက်လာခဲ့တာပါ။
ဆီဗီလာအသင်းဟာ အသက်(၂၇)နှစ်အရွယ် အီဟီယာနာချိုကို (၂)နှစ် စာချုပ်အပြင် ကြိုက်နှစ်သက်ရင် (၁)နှစ်သက်တမ်းတိုးခွင့်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဆီဗီလာအသင်းကို ရောက်လာခဲ့တဲ့အတွက် ပျော်ရွှင်မိသလို အသင်းအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ ကစားသမားသစ်ဖြစ်လာတဲ့ အီဟီယာနာချိုက ပြောကြားခဲ့ပါတယ်။
(၂၀၁၇)ခုနှစ်မှာ လက်စတာအသင်းကို ရောက်လာခဲ့တဲ့ အီဟီယာနာချိုဟာ လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ(၂၃၂)ပွဲမှာ (၆၁)ဂိုးသွင်းယူကာ (၃၄)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
အခုခေါ်ယူနိုင်ခဲ့တဲ့ အီဟီယာနာချိုက အခုဘောလုံးရာသီ ဆီဗီလာအသင်းရဲ့ (၅)ယောက် မြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။