စပိန်အမျိုးသမီးအသင်းဟာ (၂၀၂၄)ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းရဲ့လူစာရင်းကို ဇူလိုင်လ(၃)ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
အခုအိုလံပစ်ပြိုင်ပွဲက စပိန်အမျိုးသမီးအသင်း သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ဝင်ရောက်ကစားမယ့် ပြိုင်ပွဲဖြစ်တာကြောင့်လည်း အကောင်းဆုံး ဖြစ်အောင် စပိန်အသင်းဘက်က ပြင်ဆင်နေခဲ့တာပါ။
စပိန်အမျိုးသမီးအသင်းနည်းပြ တိုမီက အိုလံပစ်ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းမှာ ကစားသမား(၁၈)ယောက်အထိ ရွေးချယ်ခဲ့တာဖြစ်ပြီး နာမည်ကြီး ကစားသမားတချို့ ပါဝင်လာခဲ့ပါတယ်။
စပိန်အသင်းရဲ့လူစာရင်းမှာ ရွှေဘောလုံးဆုရှင်ဘွန်မာတီ၊ ပူတဲလက်စ်နဲ့ ဟာမိုဆိုတို့အပြင် ဂူဂျာရိုလည်း ပြန်လည်ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
စပိန်အမျိုးသမီးအသင်းဟာ အခုလက်ရှိ ကမ္ဘာ့အဆင့် (၁)နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်သလို ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။