အခုနှစ်ဘောလုံးရာသီရဲ့ စပိန်လာလီဂါအဖွင့်ပွဲစဉ်တွေကို ဩဂုတ်လ(၁၅)ရက်နေ့က စတင်ကျင်းပခဲ့ကြပါတယ်။
လာလီဂါပြိုင်ပွဲဟာ ဥရောပထိပ်တန်းလိဂ်(၅)ခုထဲ အခုနှစ်ဘောလုံးရာသီမှာ အစောဆုံးကျင်းပတဲ့ ပြိုင်ပွဲလည်း ဖြစ်လာခဲ့တာပါ။
လာလီဂါပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဘီဘာအိုအသင်းနဲ့ ဂီတာဖေးအသင်းတို့ စတင်ကစားခဲ့ကြပြီး ပွဲပြီးဆုံးချိန်မှာ တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဘီဘာအို ကွင်းလယ်လူ ဆန်းဆက်က အခုရာသီလာလီဂါပြိုင်ပွဲရဲ့ ပထမဆုံးဂိုးသွင်းသူလည်း ဖြစ်လာခဲ့ပါတယ်။
လာလီဂါ ပြိုင်ပွဲရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဘက်တစ်အသင်းနဲ့ ဂျီရိုနာအသင်းတို့ ကစားခဲ့ကြပြီး တစ်ဖက်(၁)ဂိုးစီသရေ ကျခဲ့တာ ကို တွေ့ခဲ့ရပါတယ်။
လာလီဂါပွဲစဉ်(၁)အဖြစ် လက်ရှိချန်ပီယံရီးရဲလ်အသင်းက မာယော့ကာအသင်းနဲ့ ကစားသွား ရမှာဖြစ်သလို ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။