စက်တင်ဘာ ၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ စပိန်တိုးစက်ဘီးစီးပြိုင်ပွဲ အဆင့်-၁၅ မှာ စပိန်နိုင်ငံသား ကက်စတီလိုက အခုနှစ်ပြိုင်ပွဲအတွင်း ဒုတိယမြောက်နိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။
အဆင့်-၁၅ အဖြစ် ၁၄၃ ကီလိုမီတာကို ယှဉ်ပြိုင် ခဲ့ရတာဖြစ်ပြီး ကြမ်းတမ်းတဲ့ တောင်တက်လမ်းကြောင်းဖြစ်လို့ ပြိုင်ပွဲဝင်တွေအတွက် ခက်ခဲခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း မြူတွေလည်း ထူထပ်စွာ ကျဆင်းနေခဲ့တာကြောင့် ပြိုင်ပွဲဝင်တွေဟာ ပြိုင်လမ်းကြောင်းကို သေချာဂရုစိုက်ပြီး ယှဉ်ပြိုင်သွားခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ အဆင့်-၁၂ တုန်းက အနိုင် ရထားခဲ့တဲ့ ကက်စတီလိုက အဆင့်-၁၅ မှာလည်း ၃ နာရီ ၄၅ မိနစ် ၅၁ စက္ကန့်နဲ့ ထိပ်ဆုံးကနေ ပန်းဝင်လာခဲ့ပြီး ရုရှားနိုင်ငံသား ဗလာဆော့ဗ်က ဒုတိယနဲ့ ပြင်သစ်နိုင်ငံသား ဆီဗာကော့ဗ်က တတိယ အသီးသီးရရှိခဲ့ကြပါတယ်။
အဆင့် ၁၅ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ ဩစတြေးလျနိုင်ငံသား အိုကွန်နာက ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပြီး စလိုဗေးနီးယားနိုင်ငံသား ရိုဂလစ်က ၁ မိနစ် ၀၃ စက္ကန့်နဲ့ ဒုတိယနေရာကနေ ဖိအား ပေးနေပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ ပြိုင်ပွဲဝင်တွေ တစ်ရက် အနားရမှာဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ တော့ အဆင့် ၁၆ ကို ဆက်လက်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။