ချယ်လ်ဆီးအသင်းရဲ့ စပိန်လူငယ်တိုက်စစ်ကစားသမား ဂီယူက ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ တာက ငွေကြေးကြောင့်မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အသက်(၁၈)နှစ်အရွယ် စပိန်တိုက်စစ်မှူးဂီယူကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင်(၅)သန်း ပေးချေခဲ့ရတာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့က အိပ်မက်တစ်ခုဖြစ်သလို ချယ်လ်ဆီးအသင်းကလည်း သမိုင်းကြောင်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာလို့ ဂီယူက ပြောပါတယ်။

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာက ငွေကြေးကြောင့်မဟုတ်ပဲ အခုဆုံးဖြတ်ချက်ကိုလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ ဂီယူက ဆက်လက်ပြောကြားခဲ့ပါတယ်။
တိုက်စစ်မှူးသစ် ဂီယူဟာ ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ် (၄)ပွဲလုံးကို ကစားခွင့်ရခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။