ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်အသင်းရဲ့ ဂျပန်နောက်ခံလူ အီတိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ် လို့ ဇွန်လ(၁၃)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။
အီတိုဟာ အခုအချိန်မှာ အသက်(၂၅)နှစ်အရွယ်သာ ရှိသေးသလို စတုဂတ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ယူရို(၂၃)သန်းကို အီတိုရဲ့ပြောင်းရွှေ့ကြေးအဖြစ် စတုဂတ်အသင်းကို ပေးချေ ခဲ့ရပြီး (၂၀၂၈)ခုနှစ်ထိ သက်တမ်းရှိတဲ့ (၄)နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းလို အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့နိုင်ခဲ့တာက ဂုဏ်ယူစရာကောင်းသလို အသင်းနဲ့အတူ အောင်မြင်မှု တွေရရှိအောင် လုပ်ဆောင်သွားမယ်လို့ အီတိုက ပြောပါတယ်။

အီတိုဟာ အခုလအစောပိုင်းက မြန်မာနိုင်ငံမှာ ကစားခဲ့တဲ့ မြန်မာအသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဂျပန်အသင်းအတွက် ပွဲချိန်ပြည့် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။