နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ဟာ စက်တင်ဘာလ(၃)ရက်နေ့မှာ တူကီယဲကလပ် ဂါလာ တာစာရေးအသင်းကို တစ်ရာသီအငှားနဲ့ တရားဝင်ပြောင်းရွှေ့သွားခဲ့ပါတယ်။

အိုဆင်ဟမ်ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အသင်းကြီး လူစာရင်းကနေ ထုတ်ပယ်ခံထားရတာပါ။
တူကီယဲကလပ် ဂါလာတာစာရေးအသင်းက နာပိုလီ အသင်းနဲ့ အဆင် မပြေဖြစ်နေတဲ့ အိုဆင်ဟမ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် ဆွေးနွေးနေခဲ့တာဖြစ်ပြီး တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုဆင်ဟမ်ဟာ ဂါလာတာစာရေးအသင်းနဲ့ တရားဝင်ပူးပေါင်းဖို့အတွက် အစ္စတန်ဘူ လေဆိပ်ကို စက်တင်ဘာလ(၃)ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း လာရောက်ကြိုဆိုခဲ့ကြ ပါတယ်။
ဂါလာတာစာရေးအသင်းဟာ အိုဆင်ဟမ်ကို တစ်ရာသီအငှားစာချုပ် ချုပ်ဆို နိုင်ခဲ့တာဖြစ်ပေမယ့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အိုဆင်ဟမ်ကိုခေါ်ယူချင်တဲ့ အသင်းပေါ်လာခဲ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်း ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။