ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ အသင်းရဲ့ကစားသမားဟောင်း ဂန်ဒိုဂန်ကို ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၂၃)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အိုလ်မိုကိုခေါ်ယူပြီးနောက် အသင်းရဲ့လစာပမာဏကို လျှော့ချဖို့အတွက် ဂန်ဒိုဂန်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ရာသီသစ်မှာ အသင်းရဲ့ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့ ဆန္ဒရှိနေတာကြောင့် ကစားသမားဟောင်း ဂန်ဒိုဂန်ကို ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီးချင်းမှာပဲ ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး (၁)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

(၂၀၁၆)ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ မန်စီးတီး အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဂန်ဒိုဂန်ဟာ မန်စီးတီကစားသမားဘဝ ပြိုင်ပွဲစုံ(၃၀၄)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၆၀)အထိ သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
အသင်းမှာခြေစွမ်းပြနိုင်ခဲ့တာကြောင့်လည်း ဂန်ဒိုဂန် ပြန်ရောက် လာခဲ့တာက မန်စီးတီးအသင်းကို အင်အားတောင့်တင်းစေလာလိမ့်မယ်လို့ အသင်းရဲ့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။