လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ အသင်းရဲ့ကစားသမားဟောင်း ဂန်ဒိုဂန်ကို ဘာစီလိုနာကနေ ပြန်ခေါ်ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဩဂုတ်လ(၂၀)ရက်နေ့မှာ ဖော်ပြလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ အခုဘောလုံးရာသီမှာ အိုလ်မိုကို ခေါ်ယူခဲ့ပြီးနောက် လစာပမာဏကို လျှော့ချဖို့အတွက် ဂန်ဒိုဂန်လို လစာမြင့်ကစားသမားတွေကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အစောပိုင်းမှာ ဂန်ဒိုဂန်က ဘာစီလိုနာအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ အသင်းရဲ့ဆုံးဖြတ်ချက်ကို လက်ခံပြီး အသင်းကနေထွက်ဖို့ ဖြစ်လာခဲ့တာပါ။
ဂန်ဒိုဂန်ကို အသင်းဟောင်းမန်စီးတီးအသင်းက ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို နည်းပြဂွာဒီယိုလာကလည်း ဂန်ဒိုဂန်ကို ခေါ်ယူကာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာကနေ ထွက်မယ့် ဂန်ဒိုဂန်ကို မန်စီးတီး အသင်းအပြင် ဆော်ဒီကလပ်အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။