ဇူလိုင်လ(၂၄)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ဆဲလ်တစ်အသင်းနဲ့ခြေစမ်းပွဲစဉ်မှာ မန်စီးတီးအသင်း မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။
ခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့ ပထမဆုံးခြေစမ်းပွဲစဉ်မှာပဲ ဆဲလ်တစ်အသင်းကို (၄)ဂိုး၊ (၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
မန်စီးတီးအသင်းဟာ ခြေစမ်းပွဲ ဖြစ်တာကြောင့် လူငယ်ကစားသမားအများစုကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပေမယ့် ဟာလန်း၊ ဂရီလစ်ချ်၊ အော်တီဂါ၊ ကီဗင်ဖီးလစ်တို့လို အသင်းရဲ့စီနီယာကစားသမားတွေကိုလည်း ပွဲထွက်ကစားစေခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ အခုပွဲစဉ်မှာ ဆဲလ်တစ်အသင်းကို ရှုံးနိမ့်ခဲ့ရပေမယ့် အသင်းရဲ့အဓိကတိုက်စစ်မှူး ဟာလန်းအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့သလို လူငယ်ကစားသမား အော်စကာဘော့ကလည်း (၁)ဂိုးသွင်းယူပြီး (၂)ဂိုးဖန်တီးကာ ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အမေရိကန်ခြေစမ်းပွဲစဉ်အဖြစ် အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်း တို့နဲ့ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။