ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်းဟာ ကွန်းဖရင့်လိဂ်ပြိုင်ပွဲကစားမယ့် ချယ်လ်ဆီး အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိဘူးလို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရင့်လိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်ပွဲစဉ်အဖြစ် လာမယ့်ကြာသပတေး ညမှာ ဆာဗက်တီအသင်းနဲ့ ကစားသွားရမှာပါ။
စတာလင်းဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းလူစာရင်းမှာ မပါဝင်လာ ခဲ့သလို ဆာဗက်တီအသင်းနဲ့ကစားမယ့် လူစာရင်းမှာလည်း ထပ်မံမပါဝင်လာခဲ့တာကြောင့် ချယ်လ်ဆီးကစားသမားဘဝ အနာဂတ်က ပိုပြီးလှုပ်ခတ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြမာရက်စကာလက်ထက် အခုရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေကို ခေါ်ယူနေခဲ့တာကြောင့် အသင်းက ကစားသမားတချို့ကို ပြန်လည်ရောင်းချဖို့ လုပ်ဆောင်နေပြီး စတာလင်းဟာလည်း ချယ်လ်ဆီးအသင်းရဲ့ အရောင်းစာရင်းထဲ ပါဝင်လာခဲ့ တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ အနာဂတ်မသေမချာဖြစ်လာခဲ့တဲ့ စတာလင်းကို စီးရီးအေကလပ် ဂျူဗင်တပ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။