ကွန်းဖရင့်လိဂ်ပြိုင်ပွဲကစားမယ့် ချယ်လ်ဆီးအသင်းရဲ့လူစာရင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ(၅)ရက်နေ့က ထုတ်ပြန် ခဲ့ရာမှာ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ပယ်မာ မပါဝင်လာတာကို တွေ့ရပါတယ်။
ချယ်လ်ဆီးအသင်း ကြေညာခဲ့တဲ့လူစာရင်းမှာ ပယ်မာအပြင် ချီဝဲလ်၊ လာဗီယာ၊ ဖိုဖာနာတို့လည်း ပါမလာပါဘူး။
ချယ်လ်ဆီးအသင်းရဲ့ ဖော်ပြချက်အရ အခုဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း(၈၀)နီးပါးကစားရဖို့ ရှိတာကြောင့် ကွန်းဖရင့်လိဂ် ပြိုင်ပွဲကစားမယ့် လူစာရင်းကနေ ပယ်မာကို အနားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လာဗီယာနဲ့ ဖိုဖာနာတို့ ကတော့ ကာလရှည်ဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်တဲ့အတွက် ပွဲစဉ်အများစုကို မကစားစေချင်တာကြောင့် အခုလိုမျိုးလူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
နည်းပြမာရက်စကာရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ချီဝဲလ်ကတော့ အသင်းရဲ့ကွန်းဖရင့်လိဂ်လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ကွန်းဖရင့်လိဂ်ပြိုင်ပွဲအတွက် လူစာရင်းကို ရှုံးထွက်ပွဲစဉ်တွေ မကစားခင် (၂၀၂၅)ဖေဖော်ဝါရီ (၆)ရက်နေ့မတိုင်မီ ပြောင်းလဲခွင့်ရှိနေသေးတာကြောင့် ချယ်လ်ဆီးအနေနဲ့ ပယ်မာကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းခွင့် ရှိနေတာပဲ ဖြစ်ပါတယ်။