မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချယ်လ်ဆီးအသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမား ရိုဒရီ ပါဝင်မှာမဟုတ်ဘူးလို့ ဩဂုတ်လ(၁၆)ရက်က ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုသွားခဲ့ပါတယ်။
စပိန်အသင်းနဲ့အတူ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရိုဒရီဟာ အသင်းနဲ့အတူ ပူးပေါင်းနေပြီဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဂွာဒီယိုလာက ပြောခဲ့တာပါ။

ရိုဒရီဟာ အသင်းနဲ့အတူ ပူးပေါင်းနေပြီဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် လေ့ကျင့်ရေးမှာ အသင်းနဲ့ အတူ မပါဝင်ခဲ့တာကြောင့် ပွဲကစားဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ နည်းပြဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။
လေ့ကျင့်ရေးကွင်းမှာ ခြေချောင်းကျိုးဒဏ်ရာရခဲ့တဲ့ အော်စကာဘော့ဟာလည်း (၁)လလောက် အနားယူ ရဖွယ်ရှိတာကြောင့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကို လွဲချော်သွားမယ်လို့ နည်းပြဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်-၁ အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ဩဂုတ်လ(၁၈)ရက် ညမှာ ကစားသွားရမှာ ဖြစ်ပါတယ်။