ဩဂုတ်လ(၁၈)ရက်နေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို (၂)ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရတာကြောင့် မန်စီးတီးအသင်းကို အကြိတ် အနယ် ကစားသွားခဲ့ပေမယ့် မန်စီးတီးအသင်းက လိုအပ်နေတဲ့ဂိုးတွေကို သွင်းယူနိုင်ခဲ့တာကြောင့် ချယ်လ်ဆီး အသင်းကို ပွဲအပြီးမှာ အနိုင်ရခဲ့တာပါ။
ချယ်လ်ဆီးအသင်းရဲ့ပွဲထွက်စာရင်းမှာ အခုရာသီမှာမှ ခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေ မပါဝင်ခဲ့ဘဲ အသင်းရဲ့အဓိကကစားသမားတွေကိုသာ အသုံးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲထွက်စာရင်းမှာလည်း ရိုဒရီ၊ ဖိုဒန်တို့မပါဝင်ခဲ့ပေမယ့် ကစားသမားသစ် ဆာဗင်ဟိုကို ပွဲထွက် အသုံးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။
မန်စီးတီးအသင်းအတွက် ဂိုးတွေကို ပွဲချိန်(၁၈)မိနစ်မှာ ဟာလန်း၊ ပွဲချိန်(၈၄) မိနစ်မှာ ကိုဗာစစ်တို့က သွင်းယူပေးခဲ့ကြပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ(၃)မှတ်ရရှိခဲ့ပြီး တနင်္ဂနွေနေ့ည ပွဲစဉ်တွေအပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၄) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။