ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ဘေဆယ်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှု ရထားတဲ့ ပေါ်တူဂီ လူငယ်ကွင်းလယ်ကစားသမား ရီနာတိုဗီဂါကို ဇူလိုင်လ(၁၂)ရက်နေ့က ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။
နည်းပြသစ် မာရက်စကာလက်ထက် လူငယ်ကစားသမားတွေကို ခေါ်ယူနေတဲ့ ချယ်လ်ဆီးအသင်းဟာ အခုအခါမှာလည်း အသက်(၂၀)အရွယ် ဗီဂါကို ခေါ်ယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဗီဂါကို ခေါ်ယူဖို့အတွက် ဘေဆယ်အသင်းကို ပေါင်(၁၂)သန်းပေးချေခဲ့ရပြီး (၇)နှစ်စာချုပ်သက်တမ်းအပြင် ကြိုက်နှစ်သက်ပါက (၁)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တဲ့အတွက် ပျော်ရွှင်မိသလို အင်္ဂလန်ရဲ့အအောင်မြင်ဆုံး အသင်း တွေထဲက တစ်သင်းကို ပြောင်းလာနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ကစားသမားသစ်ဖြစ်လာတဲ့ ဗီဂါက ပြောပါ တယ်။
ဗီဂါကိုခေါ်ယူနိုင်ခဲ့တာက နည်းပြသစ်မာရက်စကာလက်ထက် (၅)ယောက်မြောက် ခေါ်ယူမှုဖြစ်သလို ရာသီကြိုခြေစမ်းပွဲစဉ်တွေ ကစားဖို့အတွက် လေ့ကျင့်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးတွေကို ပူးပေါင်း သွားမယ်လို့ သိရပါတယ်။