ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုအောက်မှာ ယှဉ်ပြိုင်ခဲ့ရပြီးနောက် ချီလီရယ်လီပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ရိုဗန်ပီရာက ခက်ခဲတဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချီလီ ရယ်လီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေမှာ မြူတွေကြောင့် ပြိုင်လမ်းကြောင်းကို သေချာဂရုစိုက် မောင်းနှင်ခဲ့ရပါတယ်။
ပြိုင်ပွဲနောက်ဆုံးနေ့မှာ ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ ပြိုင်ပွဲဝင်တွေဟာ အမှားအယွင်း မရှိအောင် မောင်းနှင်သွားခဲ့ကြပြီး တိုယိုတာအသင်းဒရိုင်ဗာတွေဖြစ်ကြတဲ့ ရိုဗန်ပီရာ၊ အီဗန်နဲ့ ဟွန်ဒိုင်းအသင်းသား နူဗယ်လီတို့ရဲ့ ယှဉ်ပြိုင်မှုတွေက စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာပါ။
နောက်ဆုံးနေ့ပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာ တော့ ပြိုင်ပွဲကို ဦးဆောင်နေခဲ့တဲ့ ရိုဗန်ပီရာကပဲ ဒုတိယနေရာမှာ ရှိနေတဲ့ အီဗန်ကို ၂၃ ဒသမ ၄ စက္ကန့်အသာနဲ့ ချန်ပီယံဆုကို ရရှိသွားခဲ့ပြီး အခုချန်ပီယံဆုက ၂၄ နှစ်အရွယ် ရိုဗန်ပီရာရဲ့ ကစားသမားဘဝ ၁၅ ခုမြောက်ရယ်လီ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အခုနိုင်ပွဲက လွယ်ကူတဲ့နိုင်ပွဲမဟုတ်ခဲ့သလို အရာအားလုံးက ခက်ခဲခဲ့ပေမယ့် အဆုံး သတ်မှာ အနိုင်ရခဲ့လို့ ကျေနပ်မိပါတယ်လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။
၂၀၂၄ ရယ်လီပြိုင်ပွဲ ပြီးဆုံးဖို့ ပွဲစဉ် ၂ ခုသာ ကျန်ရှိတော့ချိန်မှာ ချန်ပီယံဆု အမှတ်ပေးဇယားကို ဘယ်လ်ဂျီယံ ဒရိုင်ဗာ နူဗယ်လီက ၂၀၇ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက တာနက်ကို ၂၉ မှတ် ဖြတ်ထားပါတယ်။