ဘရိုက်တန်အသင်းဟာ ဂျာမနီကလပ် မိန့်ဇ်အသင်းရဲ့ တိုက်စစ်အားသန်ကွင်းလယ်လူ ဂရူဒါကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၀ အရွယ် ဂျာမနီကွင်းလယ်လူ ဂရူဒါကို ဘရိုက်တန်အသင်းက ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ဘရိုက်တန်နည်းပြ ဟာဇီလာကတော့ လူငယ်ကစားသမားဖြစ်ပေမယ့် အရည်အချင်းတွေရှိနေတဲ့ ဂရူဒါနဲ့ တွဲဖက်အလုပ်လုပ်ရမယ့်အတွက် စိတ်ကျေနပ်တယ်လို့ ပြောထားပါတယ်။

ဂရူဒါဟာ ပြီးခဲ့တဲ့ရာသီက မိန့်ဇ်အသင်းမှာ နေရာရလာခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ၂၄ ပွဲအထိ ကစားပေးခဲ့ပါ တယ်။ ဒါ့ကြောင့်လည်း ဂရူဒါကို ၂၀၂၄ ပြိုင်ပွဲအတွက် ဂျာမနီအသင်းလူစာရင်းမှာ ထည့်သွင်းရွေးချယ် ခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ ချန်လှပ်ထားခံခဲ့ရတာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းကို ရောက်မလာ ခင်မှာ ဂရူဒါဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းထွက်ခဲ့သေးပေမယ့် နည်းပြဟာဇီလာရဲ့ ဘရိုက်တန်အသင်းကို လာရောက်ကစားဖို့ ဂရူဒါက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဂရူဒါဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက ဂျာမနီ သက်တမ်းအလိုက် အသင်းတွေမှာ ကစားခဲ့တာဖြစ်ပြီး ဂျာမနီယူ-၂၁ အသင်းအတွက်လည်း ၇ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။