ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းဟာ ကွင်းလယ်လူဟောင်း ကော်တင်ဟိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ ပြီလို့ အတည်ပြုလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ကော်တင်ဟိုကို ဗီလာအသင်းဆီကနေ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ကော်တင်ဟိုဟာ ဗာစကိုဒဂါးမားအသင်းနဲ့အတူ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၀၉ နဲ့ ၂၀၁၀ ရာသီတွေမှာ ဗာစကိုဒဂါးမားအသင်းကြီးအတွက် ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကော်တင်ဟိုဟာ အင်တာမီလန်၊ လီဗာပူး၊ ဘာစီ လိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားခဲ့သလို ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဗီလာအသင်းကို ရောက်ရှိ လာခဲ့တာပါ။
ဗီလာအသင်းမှာလည်း ပုံမှန်နေရာ မရခဲ့တဲ့ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာတာ ကလပ် အယ်ဒူဟေးအသင်းကို အငှားသွားရောက်ကစားခဲ့ပေမယ့် ၂၃ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့လို့ ဗီလာအသင်း ကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။
ဗာစကိုဒဂါးမားအသင်းရဲ့ ကော်တင်ဟိုကို မိတ်ဆက်တဲ့ဗီဒီယိုမှာ အသင်းမှာ ငယ်ဘဝတုန်းက ဖြတ်သန်းခဲ့တဲ့ ကော်တင်ဟိုရဲ့ ပုံရိပ်တွေနဲ့ မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။