ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဆိုစီဒက်အသင်းရဲ့ ဂျပန်ကွင်းလယ်လူ ကူဘိုကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
နည်းပြကလော့ပ်နဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ လမ်းခွဲခဲ့တဲ့ လီဗာပူးအသင်းဟာ နည်းပြသစ် အာနီစလော့လက်ထက် အခုနွေရာသီအပြောင်းအရွှေ့မှာ လူခေါ်ဖို့အတွက် ကြန့်ကြာနေတာကြောင့် ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေခဲ့တာပါ။

လီဗာပူးအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ ကူဘိုဟာ ပြီးခဲ့တဲ့ရာသီက ဆိုစီဒက်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့သလို အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတာကြောင့်လည်း ဥရောပကလပ် အသင်းတချို့က ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ကူဘိုနဲ့ ဆိုစီဒက်အသင်းတို့ရဲ့စာချုပ်က (၂၀၂၉)ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့်လည်း လီဗာပူးအသင်းအနေနဲ့ ကူဘိုကို ခေါ်ယူမယ်ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ပေါင်သန်း(၅၀) ပေးချေသွားရမယ်လို့ သိရပါတယ်။