ကိုပါအမေရိကဖလားလက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်မှာ ကနေဒါအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှာ မက်ဆီပြန်ပါလာခဲ့လို့ ကနေဒါအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၁ မိနစ်မှာပဲ တိုက်စစ်မှူး အယ်ဗာရက်ဇ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အာဂျင်တီးနားအသင်း အခွင့်အရေးတွေရခဲ့ပေမယ့် မက်ဆီရဲ့ ကန်ချက်က ဂိုးဘေးကပ်ထွက်ခဲ့လို့ ဦးဆောင်ဂိုး ထပ်မရခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ပွဲချိန် ၅၁ မိနစ်မှာ မက်ဆီက သွင်းယူခဲ့တာပါ။
ကနေဒါကစားသမားတွေဘက်က လူကျွံဘောအဖြစ် တောင်းဆိုခဲ့ပေမယ့် VAR ကို ပြန်ကြည့်ပြီးနောက် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
အခုသွင်းဂိုးက မက်ဆီအတွက် အခုနှစ် ကိုပါပြိုင်ပွဲ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို လာမယ့် တနင်္ဂနွေ နေ့မှာ ကျင်းပမှာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ဥရုဂွေးအသင်းနဲ့ ကိုလံဘီယာအသင်းတို့ ဆီမီးဖိုင်နယ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။