ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်ခွင့်ရဖို့အတွက်အသင်း ကစားပုံကို ပြောင်းလဲနိုင်ဖို့ ကြိုးစားသွားမယ်လို့ လက်စတာအသင်းနည်းပြသစ် နစ္စတယ်ရွိုင်းက ပြောလိုက်ပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ လက်စတာအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရတာဖြစ်ပြီး စနေနေ့ ညက ဘရန်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲကို ပွဲကြည့်စင်ကနေ ကြည့်ရှုခွင့်ရခဲ့တာဖြစ်ပါတယ်။
အသင်း ကစားသမား တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုဖြစ်ခဲ့သလို ကစားသမားတွေ စိတ်ထဲ ယုံကြည်မှုတွေ ပြန်လည်ရရှိလာအောင် ကြိုးစားပေးသွားမှာဖြစ်တယ်လို့ နစ္စတယ်ရွိုင်း က ပြောသွားခဲ့ပါတယ်။
အသင်းကို တာဝန်ယူခွင့်ရတာ ရက်ပိုင်းပဲရှိသေးသလို ပြင်ဆင်ချိန်လည်း နည်းပါးတဲ့ အတွက် အလုပ်လုပ်ရ တာ အခက်အခဲတချို့ရှိပေမယ့် အသင်းရဲ့ လျော့တိလျော့ရဲဖြစ်နေတဲ့ ကစားကွက်ကိုတော့ ပြင်ဆင်နိုင်ဖို့ ကြိုးစားသွား မှာဖြစ်တယ်လို့ နစ္စတယ်ရွိုင်းက ပြောထားပါတယ်။ လက်စတာအသင်းဟာ အခုကြားရက်မှာ ဝက်စ်ဟမ်းအသင်း နဲ့ ကစားရမှာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာလအတွင်း ပွဲကျပ်တွေအဖြစ် ဘရိုက်တန်၊ နယူးကာဆယ်၊ ဝုဗ်၊ လီဗာပူး၊ မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။