နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်တိုဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကို အပြန်အလှန်ပေးပိုခဲ့ကြပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိင်းစေရေးနဲ့ နောင်လာမဲ့ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမဲ့ မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ပြီး အဆွေတော်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို မျှော်လင့်တယ်လို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပေးပိုတဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်တွေဟာ တိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအောက်ရှိတရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းတွေကို နှစ်နိုင်ငံနဲ့ပြည်သူတွေအကျိုးအတွက် အကောင်အထည်ဖော်နေမှုက များစွာကျေနပ်အားရဖွယ်ဖြစ်တယ်လိုလည်း ဆိုပါတယ်။မကြာသေးမီက မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို အချိန်နဲ့တပြေးညီ ပေးအပ်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံအစိုးရနဲ့ပြည်သူတွေကို လှိက်လှဲစွာ ကျေးဇူးတင်ပါတယ်လိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ကပေးပိုတဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတိုဟာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်ကစလို ၇၅နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြားကဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟာ စိန်ခေါ်မှုတွေကြားက ပိုမိုရှင်သန်ခိုင်မာလာခဲ့တယ်လို တရုတ်သမ္မတရှီကျင့်ဖျင်က ပေးပိုတဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၇၅နှစ်မြောက် အခါသမယမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ရပ်ဝန်းနဲ့ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားဖို၊ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ဆောင်ရွက်ဖို၊ နှစ်နိုင်ငံပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးစီးပွားတွေကို အတူတကွဆောင်ကြဉ်းဖို အသင့်ရှိပါကြောင်းလည်း သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။