မွန်ပြည်နယ်၊မော်လမြိုင်မြို့ရဲ့ကျက်သရေဆောင်၊ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးမှာ(၁၄၀)ကြိမ်မြောက်ဆေးပဋ္ဌာန်းပူဇော်ပွဲကိုလာမဲ့ ဝါခေါင်လကွယ် ဩဂုတ်လ(၂၂)ရက်နေ့၊မှာကျင်းပသွားမယ်လို့ဂေါပကအဖွဲ့ဆီကသိရပါတယ်။

ဆေးပဋ္ဌာန်းပူဇော်ပွဲကိုလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကစပြီးနှစ်စဉ်နှစ်တိုင်း စဉ်လာမပျက်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဝါခေါင်လကွယ်မှာလုပ်လေ့ရှိတာဖြစ်တယ်လို့ဆိုပါတယ်။ဆေးပဋ္ဌာန်းလှုဒါန်းရာမှာမွန်ပြည်နယ်အတွင်းရှိမြို့နယ်(၁၀)မြို့နယ်က သံဃာများတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်တိုက်တွေကိုပင့်ဖိတ်ပြီးအဓိကထားလှူဒါန်းတာဖြစ်ပါတယ်။ဒီနှစ်မှာဆိုရင်တော့စာသင်တိုက်နဲ့ဘုန်းတော်ကြီးကျောင်း(၁၂၀)က ဘုန်းတော်ကြီးတွေကို တိုင်းရင်းဆေးနဲ့နိုင်ငံခြားဆေးများနဲ့ဆေးအလှုတော်လှူဒါန်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

နှစ်စဉ်နှစ်တိုင်းဆေးပဋ္ဌာန်းပူဇော်ပွဲမှာပြည်နယ်အစိုးရအဖွဲ့တွေ၊ဌာနဆိုင်ရာတွေနဲ့စေတနာရှင်အလှုရှင်တွေလှုဒါန်းကငွေသိန်းပေါင်းထောင်ကျော်တန်ဖိုးရှိတဲ့ဆေးတွေနဲ့ဝတ္ထူငွေတွေကိုလှူဒါန်းကြတာဖြစ်ပါတယ်။ဆေးပဋ္ဌာန်းပူဇော်ပွဲမှာပါဝင်လှူဒါန်းလိုသူတွေအနေနဲ့လည်းဂေါပကအဖွဲ့ထံ အလှူငွေများပါဝင်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။