ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်မှာရှိတဲ့ မြဝတီ သီလရှင်စာသင်တိုက်က သီလရှင် ၆၇ ပါးကို စိန်ကိုးလုံး ပရဟိတအသင်းရဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အလှူအဖြစ် ဇူလိုင် ၆ ရက်၊ ညနေပိုင်းက အခမဲ့ ဆေးကုပေးတာနဲ့ လိုအပ်တဲ့ ဆေးဝါးလှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆေးကုသပေးရာမှာ သက်ကြီးသီလရှင် ဆရာကြီးတွေနဲ့ သီလရှင်ဆရာလေးတွေကို အထူးကုဆရာဝန်ကြီးနဲ့ ဆရာ ဆရာမကြီးတွေက လိုအပ်တဲ့ စမ်းသပ်တာတွေ ပြုလုပ်ပေးပြီး အားဆေးအပါအဝင် စမ်းသပ်စစ်ဆေးတွေ့ရတဲ့ ရောဂါအလိုက် ဆေးဝါးတွေကို အခမဲ့ လှူဒါန်းပေးခဲ့တာပါ။ဆေးဝါးလှူဒါန်းမှုအဖြစ် ဆေးအမျိုးအစားပေါင်း ၅၀ ကျော်ကို လှူဒါန်းခဲ့ပြီး အခြား စစ်ဆေးတွေ့ရှိတဲ့ ရောဂါ အခြေအနေပေါ် မူတည်ကာ နီးစပ်ရာ ဆေးရုံဆေးခန်းတွေနဲ့ ချိတ်ဆက်ပြသနိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးခဲ့ တယ်လို့ သိရပါတယ်။