ဗုဒ္ဓဘာသာဝင်တိုရဲ့အလေးအမြတ်ထားရာနေ့ဖြစ်တဲ့ ဇူလိုင် ၉ ရက် (ဝါဆိုလပြည့်နေ့) မှာ မကွေးမြိုရှိ မြသလွန် စေတီတော်မှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးကုသိုလ်ပြု လာရောက်သူတွေ များပြားခဲ့ပါတယ်။

စေတီတော်ပေါ်မှာတော့ ဆွမ်း၊ ပန်း၊ ဆီမီး ကပ်လှူသူတွေ ဥပုလ်သီလစောင့်တည်သူတွေ ဓမ္မစကြာ ရွတ်ဖတ် သူတွေ နဲ့ စည်ကား ခဲ့တာပါ။ဝါဆိုလပြည့်နေ့မှာ ရပ်နီးရပ်ဝေးက ဘုရားဖူး ဧည့်သည်တွေ နဲ့စည်ကားခဲ့သလို စတုဒိသာ ကျွေးမွေး လှူဒါန်း တာတွေလည်းရှိတယ်လို မကွေး မြသလွန် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲဝင် ဦးအောင်ဆန်းက ပြောပါတယ်။

ဒါ့အပြင် ဝါဆိုလပြည့်နေ့ မနက်ပိုင်းကလည်း မြသလွန်စေတီတော်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲကလည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။မြသလွန်စေတီတော်ကိုတော့ လပြည့်နေ့တွေ နဲ့ အခါကြီး ရက်ကြီးတွေရောက်တိုင်း မကွေးမြိုခံအပြင် အနီးအနား ကျေးရွာတွေက ဘုရားဖူးတွေလည်း လာရောက်ဖူးမြော် ကုသိုလ်ပြုကြတာ ဖြစ်ပါတယ်။