လာမယ့်ကဆုန်လပြည့်နေ့မှာ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့ရတဲ့ မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော်၊ သံဃာတော်(၁၂၇၆)ပါးကိုယ်စား ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကို အမှူးပြုပြီး ဆရာတော်၊ သံဃာတော် (၁၀၈)ပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ နဝကမ္မအလှူငွေတွေ ဆက်ကပ်လောင်းလှူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သာသနာနှစ် ၂၅၆၈ နှစ်ကနေ ၂၅၆၉ နှစ်ကို ကူးပြောင်းရောက်ရှိမှု အထိမ်းအမှတ်အဖြစ် နိုင်ငံသူ၊ နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ကဆုန်လပြည့်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်က မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် (၁၀၂၇၂)ပါးကို ဆွမ်း၊ လှူဖွယ်ပစ္စည်းတွေ နဲ့ နဝကမ္မအလှူငွေတွေ လောင်းလှူခဲ့ပြီး အခုနှစ်မှာတော့ ဆရာတော်၊ သံဃာတော်(၁၂၇၆)ပါးကိုယ်စား ဆရာတော်၊ သံဃာတော် (၁၀၈)ပါးကို လောင်းလှူသွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်တွေအပါအဝင် စာသင်တိုက်ကြီးတွေနဲ့ ဘုန်းတော်ကြီးကျောင်း တွေရှိ ဆရာတော်၊ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်း၊ ဆန်၊ ဆီ၊ ကြက်သွန်၊ လှူဖွယ်ပစ္စည်းတွေနဲ့ နဝကမ္မ အလှူငွေတွေ လောင်းလှူသွားမှာဖြစ်တယ်လို့ သိရပါတယ်။