ရွှေတိဂုံစေတီတော် သိင်္ဂုတ္တရဥယျာဉ်တော်နဲ့ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်ဥယျာဉ်ကို ဓာတ်အားပေးတဲ့ ထရန် စဖော်မာကို ၂၄ နာရီ ဓာတ်အားရရှိဖို့ ဈေးပြိုင်တင်ဒါ ခေါ်ယူနေတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။

ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရဥယျာဉ်တော်နဲ့ ရှင်ဥပဂုတ္တမင်္ဂလာ ကန်တော်ဥယျာဉ်ကို ဓာတ်အားပေးတဲ့ (315kV) ထရန်စဖော်မာကို(၂၄)နာရီ ဓာတ်အားရရှိဖို့အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်တဲ့ လုပ်ငန်း ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုဆောင်ရွက်ဖို့ စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ဈေးပြိုင်တင်ဒါပုံစံနဲ့ စည်းကမ်းချက် တစ်စုံကို ၃၀,၀၀၀ ကျပ်နှုန်းနဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်ကစတင်ပြီး ရုံးချိန်အတွင်း ဂေါပကအဖွဲရုံး လျှပ်စစ်နှင့် ရေသန့် ဌာနမှာ ဝယ်ယူကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်အထိ နောက်ဆုံးထား တင်ဒါတင်သွင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သိရှိလိုတဲ့ အသေးစိတ်အချက်အလက်တွေကို ဖုန်း-၀၁-၃၇၅၇၆၇၊ ၀၁-၃၇၁၁၁၀ နဲ့ လျှပ်စစ်နှင့်ရေသန့် ဌာနရုံးခန်းမှာ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။