ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၂၀၂၄-၂၀၂၅ လုံးတော်ပြည့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရာမှာ ရဟန်းရှင်လူ ပြည်သူတွေက ရွှေစင်အလေးချိန် (၁၉၂)ပိဿာကျော် လှူဒါန်းခဲ့ကြတယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၁၉၉၉ ခုနှစ်ကစတင်ပြီး ရွှေထီးတော်အသစ် တင်လှူတာနဲ့အတူ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူတာတွေကို ဆောင်ရွက်ခဲ့ပြီး ပျမ်းမျှ ၅ နှစ်ကို ၁ ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခဲ့ တယ်လို့ ဆိုပါတယ်၊၊

အခုတစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရာမှာ ရဟန်းရှင်လူ အများပြည်သူတွေရဲ့ လှူဒါန်းမှုအနေနဲ့ ၆ ကျပ်သား ရွှေစင်ပြား (၁၄၀၃)ချပ်၊ တစ်ကျပ်သား ရွှေစင်ပြား (၁၀၇၀၀)ချပ်၊ ရွှေစင်အလေးချိန် (၁၉၂)ပိဿာ (၁) ကျပ်သား (၈)ပဲနဲ့ မျက်ပါးရွှေဆိုင်း (၁၄၁၈၁)ဆိုင်းတို့ကို ကပ်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်၊၊လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရာမှာ ငြမ်းစေတီ တည်ဆောက်တာ၊ ရွှေစင်ပြားတွေ ရောင်တော်ဖွင့်တာ၊ ပျက်စီးရွှေပြား စာရင်းကောက်တာ၊ အလှူရှင်တွေက ရထားပျံနဲ့ ရွှေပြားတင်လှူတာ၊ ပျက်စီး ရွှေပြားတွေ လဲလှယ် ကပ်လှူတာ၊ မျက်ပါး ရွှေချွတ်/ ရွှေချလုပ်ငန်းဆောင်ရွက်တာနဲ့ ငြမ်းဖျက်သိမ်းတာတွေကို ဆောင်ရွက်ရတာ ဖြစ်တယ်လို့ သိရပါတယ်၊၊အဲဒီနောက်မှာတော့ ဩဝါဒါစရိယဆရာတော်ကြီး (၁၁)ပါး ဦးဆောင်ပြီး ပင့်သံဃာ (၁၀၈)ပါးတို့နဲ့ စေတီတော် မြတ်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာတင်တာတွေကို ဆောင်ရွက်ကြတယ်လို့ သိရပါတယ်၊၊