ရွှေတိဂုံစေတီတော်(၂၆၁၃)နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နဲ့ မဟာပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဖော်ပွဲ ကို မတ်လ(၄)ရက်ကနေ (၁၃)ရက်အထိ (၁၀)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။ ဗုဒ္စပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည် ပူဇော်ပွဲကိုတော့ မတ်လ(၄)ရက်နေ့က စတင်ကျင်းပခဲ့တာပါ။

အဲဒီပွဲတော်မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေ ၊ဂေါပကအဖွဲ့တွေနဲ့ ဘာသာရေးဝတ်အသင်းအဖွဲ့တွေက နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို ပင့်ဆောင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး ချမ်းသာကြီးတန်ဆောင်းအတွင်း ပင့်ဆောင်ခဲ့ကြပါတယ်။ အဲဒီနောက် ရွှေတိဂုံ စေတီတော်(၂၆၁၃)နှစ်မြောက် ဗုဒ္စပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကျင်းပပါတယ်။

ဗုဒ္စပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲမှာ ဧည့်ပရိသတ်တွေက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ နဝင်္ဂသီလခံယူ ဆောက် တည်ခဲ့ကြပြီး သဗ္ဗညုတဉာဏ်ရောင်မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်တဲ့အနေနဲ့ ဆီမီးတန်ဆောင် ထွန်းညှိပူဇော် ကာ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ရွှေတိဂုံစေတီတော်(၂၆၁၃)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အဖြစ် မဟာပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအပြင် သံဃာတော်တွေကိုလည်း ဆွမ်းဆန်စိမ်းလောင်လှူပွဲပါ ကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။