ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာမှာ ရွှေစင်အလေးချိန် ၁၉၂ ပိဿာ ၁ ကျပ် သား ၈ပဲ နဲ့ မျက်ပါးရွှေဆိုင်း ၁၄၁၈၁ ဆိုင်း ကပ်လှူပူဇော်နိုင်ခဲ့တယ်လို ရွှေတိဂုံစေတီတော်ကြီး ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲဝင် ၊ ရွှေနှင့်ရတနာဌာနရဲ့ တာဝန်ခံဦးမျိုးအောင်ဌေးက ပြောပါတယ်။

၂၀၂၄ – ၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရာမှာ Gold Plate ရွှေစင်ပြား ၁၄၀၃ ချပ် ၊ Gold Coating ရွှေစင်ပြား ၁၀၇၀၀ ချပ် တိုရဲ့ စုစုပေါင်း ရွှေစင်အလေးချိန်ဟာ ၁၉၂ ပိဿာ ၁ ကျပ် သား ၈ပဲ တယ်လို သိရပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးကို မျက်ပါးရွှေ ၊ ရွှေ ၆ကျပ်သား ၁၂ လက်မပတ်လည် Gold Plate ရွှေစင်ပြား နဲ့ ၁ကျပ်သား ၁၀ လက်မ ပတ်လည် Gold Coating စတဲ့ ရွှေအမျိုးအစား ၃မျိုး ကို ကပ်လှူပူဇော်ထားတယ်လို သိရပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ဖိုအတွက် သယံဇာတဝန်ကြီးဌာနက ရွှေတွေထုတ်ရောင်းပေးတာဖြစ်ပြီး တစ်ကျပ်သားကို ကျပ် ၂၅ သိန်း နှုန်းနဲ့ သတ်မှတ်ရောင်းချခဲ့တယ်လို ဆိုပါ တယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေကပ်လှူတဲ့အစီအစဉ်ကို ၅ နှစ်တစ်ကြိမ်ဆောင်ရွက်နေတာဖြစ်ပြီး နောင်လာမယ့် ၅ နှစ်မှာ ထပ်မံကပ်လှူနိုင်ဖိုအတွက် Gold Plate နဲ့ Gold Coating ရွှေစင်ပြားတွေ ထုတ်လုပ်နိုင် ဖို စတင်ဆောင်ရွက်မယ်လို သိရပါတယ်။၂၀၂၄ – ၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ ဗုဒ္ဓဘိသေကအနေ ကဇာတင် နဲ့ ရေစက်ချအလှုတော်မင်္ဂလာခမ်းအနားကို မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။