ငလျင်ဒဏ်သင့်ဒေသတွေအတွက် မေတ္တာပို့ ကူညီထောက်ပံ့ခြင်း အလှူခရီးစဉ် ကြွရောက်နေတဲ့ မိုင်းဖုန်း ဆရာ တော်ကြီးဟာ ဧပြီ ၂၃ ရက်၊ မနက် ၉ နာရီခွဲက နေပြည်တော်ရှိ Jamine Hotel မှာ တရားဟောကြားပြီး ငလျင် ဒဏ်သင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဆရာတော်ကြီးရဲ့ တရားပွဲကို ပြည်သူအများအပြား လာရောက်ဖူးမြော် ကြည်ညိုနာယူကြတာကိုလည်း တွေ့ရ ပါတယ်။

အခုလို ငလျင်ဘေးဒဏ် ကြုံတွေ့ရတာကို သံဝေဂယူဖို့၊ သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရဘူးဆိုတာ သိဖို့၊ မမေ့လျော့ဖို့ ဖြစ်တယ်လို့ ဆရာတော်ကြီးက မိန့်ကြားပါတယ်။ ဒါ့အပြင် ဗြဟ္မစိုရ်တရားကို စောင့်ထိန်းကြဖို့လည်း ဆရာတော်ကြီးက မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ဆရာတော်ကြီးဟာ ဧပြီ ၂၂ ရက် ညပိုင်းကလည်း နေပြည်တော်ရှိ မာရဝိဇယဘုရားကြီးကိုကြွရောက်ပြီး အန္တရာယ် ကင်းပရိတ်ပဋ္ဌာန်းတွေ ရွတ်ဖတ်ပူဇော်တာ၊ မန္တလေးငလျင်ကြီးဘေးဒဏ်ခံစားရသူတွေကို မေတ္တာ ပို့သပေးတာ၊ ငလျင်ကြီးဘေးကြောင့် သေဆုံးသွားသူတွေကို မေတ္တာပို့သ အမျှပေးဝေတာတွေ ဆောင်ရွက်တော် မူခဲ့တယ်လို့ သိရပါတယ်။