မန္တလေးငလျင်ကြီးကြောင့် သေကျေပျက်စီး ဆုံးရှုံးမှု ၂ လပြည့်ကို မေ ၂၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော် သာသနာ့ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးမြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှု ၂ လ ပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သပြီး အမျှပေးဝေခဲ့ကြပါတယ်။

အဲဒီ အခမ်းအနားကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မြို့မိမြို့ဖတွေက စုပေါင်းပြုလုပ်ခဲ့ကြတာပါ။အခမ်းအနားကို “နမောတဿ”သုံး ကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ ဖွင့်လှစ်ပြီး တက်ရောက်လာတဲ့ ဧည့်ပရိ သတ်တွေက ငါးပါးသီလခံယူဆောက်တည်ကြပါတယ်။ ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်တွေက မေတ္တ သုတ် ပရိတ်တရားတော်တွေ ရွတ်ဖတ်သရဇ္စျာယ် ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးတွေနဲ့ ပင့်သံဃာ ဆရာတော်တွေထံ လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် စစ်ကိုင်းမြို့၊ ရွှေဘုန်းပွင့်ကျောင်းတိုက် ဆရာတော်ကြီး ထံကနေ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ဧည့်ပရိသတ်တွေက အနုမောဒနာ တရား နာယူကြည်ညိုကာ ရေစက် သွန်းချ အမျှပေးဝေကြပြီး “အနိစ္စဝတ သင်္ခါရ” အစချီသော သံဝေဂ ဂါထာကို ရွတ်ဆိုခဲ့ကြပါတယ်။