ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရေး ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်က စေတီတော် နန်းဦးဘုရားကြီးတန်ဆောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အလှူရှင်တွေက ရွှေစင်ရွှေပြားတွေ ကပ်လှူနိုင်ရေးအတွက် အလှူငွေတွေ ပေးအပ်လှူဒါန်းကြရာ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာတော့ အလှူရှင်တွေရဲ့ စုစုပေါင်း လှူဒါန်းငွေကျပ် ကျပ် သိန်း လေးထောင့် သုံးရာ ငါးဆယ့် ငါးသိန်း နဲ့ လေးထောင်ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ လုံးတော်ပြည် ရွှေသင်္ကန်း လှူဒါန်းထားတဲ့ အလှူရှင်တွေကိုလည်း တတိယအကြိမ်မြောက် အလှူ ငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ဗိုလ်တထောင်စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း နှင့် ရွှေစင် ရွှေပြားတွေ စတင်ကပ်လှူပူဇော်မှု ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က စတင်ဆောင်ရွက်နေပြီး လာမယ့် ၂၀၂၅ ခုနှစ် ဧပြီလကုန်မှာ ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။