(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲမှာ အောင်မြင်တော်မူခဲ့တဲ့ သံဃာတော် တွေကို အောင်လက်မှတ်နဲ့ ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနဲ့ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို လာမယ့် မေလ ၂၀ ရက်မှာ ကျင်းပသွားမယ်လို သာသနာရေးဦးစီးဌာနက သိရပါတယ်။ အဲဒီအခမ်းအနားကိုတော့ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ် ဂူသိမ်တော်ကြီးမှာ ကျင်းပသွား မှာပါ။

အခမ်းအနားကို ကြွရောက်လာမယ့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ ဆရာတော်ကြီးတွေ၊ တိပိဋကဓရ တိပိ ဋကကောဝိဒ သြဝါဒါစရိယ ဆရာတော်ကြီးတွေ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးတွေ၊ တိပိဋက ဓရ တိပိဋက ကောဝိဒ ဆရာတော်တွေ၊ ပုစ္ဆက ဆရာတော်တွေ၊ ကြီးကြပ်ရေး ဆရာတော်တွေ အပါအဝင် ပင့် သံဃာ ၃၁ ပါးတိုကို လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်မှာ အောင်မြင်တော်မူကြတဲ့ တိပိဋကဓရ တိပိဋက ကောဝိဒ ၁ ပါး၊ ဒီဃနိကာယ ကောဝိဒ ၂ ပါး၊ ဒီဃ ဘာဏက ၁၁ ပါး၊ ဝိနယ ကောဝိဒ ၁ ပါး၊ ဝိနယ ဓရ ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတော ဝိဘင်္ဂဓရ ၄၆ ပါး၊ စာအောင်သံဃာ ၉၇ ပါး စုစုပေါင်း သံဃာတော် ၁၂၈ ပါးတိုကို လှူဖွယ်ဝတ္ထုပစ္စည်းတွေနဲ့ ချီးကျူးပူဇော်မှာဖြစ်ပြီး အလှူရှင်တွေအနေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို သာသနာရေး ဦးစီးဌာန၊ စာမေးပွဲ ဌာနခွဲ၊ ညွှန်ကြားရေးမှူးထံ ဆက်သွယ်ပြီး ကြိုတင်လှူဒါန်းနိုင်တယ်လို သာသနာ ရေး ဦးစီးဌာနကနေ သိရပါတယ်၊၊