ရန်ကုန်မြိုက ရွှေတိဂုံစေတီတော်မှာမတ်လ၁၃ရက်၊ တပေါင်းလပြည့်နေ့က အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူအများအပြား လာရောက်ဖူးမြော်ကြတာကို တွေ့ရပါတယ်။တပေါင်းလပြည့်နေ့၊ မနက်(၅)နာရီအချိန်က ရင်ပြင်တော်အောင်မြေမှာ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းတာတွေ၊မနက်(၉)နာရီအချိန် ချမ်းသာကြီးတန်ဆောင်းမှာ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နဲ့ ရေစက်ချအခမ်းအနားတွေ ကျင်းပခဲ့တယ်လိုသိရပါတယ်။

ဒါ့အပြင်ရွှေတိဂုံစေတီတော်မှာ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်(၄)ရက်ကနေ (၁၃)ရက်အထိ(၁၀)ရက်တိုင်တိုင် ကျင်းပပြီး အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေ၊ ဆွမ်းတော်ကြီးလောင်းလှူပွဲတွေလည်း ပါဝင်တယ်လိုသိရပါတယ်။