နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ၂၀၂၅ခုနှစ်မှာ ပြည်တွင်း/ပြည်ပဆရာတော်၊ သံဃာတော်အပါး၁၂၀၊ သီလရှင်ဆရာကြီး၂ပါးတိုကို သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်တွေ ဆက်ကပ်ပူဇော်ခဲ့ပြီး လူပုဂ္ဂိုလ် ၁၃ယောက်တိုကို သာသနာနုဂ္ဂဟဆိုင်ရာ ဘွဲတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို နစကသတင်းထုတ်ပြန်ရေးအဖွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တွေ ဆက်ကပ်ပူဇော်ခြင်းနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ၁၃ရက်၊ မနက်ပိုင်းက နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တ်ေ ပရဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိ သာနာ့ဗိမာန်တော်ကြီးမှာ ကျင်းပခဲ့ပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ဇနီး ဒေါ်ကြူကြူလှတို တက်ရောက်ကြည်ညိုပါတယ်။

အခမ်းအနားကို အထူးပင့်ဖိတ်ထားတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနဲ့ အကျိုးတော်ဆောင်ဆရာတော်တိုအမှူးပြုတဲ့ ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တွေ အပူဇော်ခံမယ့် ပြည်တွင်း၊ ပြည်ပ ဆရာတော်သံဃာတော်တွေ၊ သီလရှင်ဆရာကြီးတွေ ကြွရောက်တော်မူကြတယ်လို ဆိုပါတယ်။အခမ်းအနာမှာ အဘိဓဇမဟာရဋ္ဌဂုရုဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်က သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာတွေကို လျှောက်ထားပါတယ်။
ဆက်လက်ပြီး ဘွဲတံဆိပ်တော်ရ ဆရာတော်ကြီးတွေကို ဘွဲတံဆိပ်တော်တွေ ဆက်ကပ်ပူဇော်ရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲတံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို၊ မဟာထူပါရုံစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညောဘာသထံ ဘွဲတံဆိပ်တော်နဲ့ အဆောင်အယောင်တွေကို ဆက်ကပ်ပူဇော်ပါတယ်။အဲဒီနောက် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရုဘွဲတံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသဝထံ ဘွဲတံဆိပ်တော်နဲ့ အဆောင်အယောင်တွေကို ဆက်ကပ်ပူဇော်ပါတယ်။ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦးတိုက အဘိဓဇမဟာရဋ္ဌဂုရုဘွဲတံဆိပ်တော်ရ ယောဆရာတော်ကြီးနဲ့ မြစ်ကြီးနားမြို၊ ခေမာသီဝံစာသင်တိုက်ဆရာတော်တိုကို ဘွဲတံဆိပ်တော်နဲ့ အဆောင်အယောင်တွေ ဆက်ကပ်ပူဇော်ပါတယ်။

ဆက်လက်ပြီး ကောင်စီဝင်တွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေက ဘွဲတံဆိပ်တော်ရရှိတဲ့ ဆရာတော်ကြီးတွေကို ဘွဲဆတံဆိပ်တော်တွေနဲ့ အဆောင်အယောင်တွေ ဆက်ကပ်လှူဒါန်းကြပါတယ်။အဲဒီနောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ ဗဟန်းမြိုနယ်၊ သမိဒ္ဓေါဒယဖျာပုံသီလရှင်စာသင်တိုက်နာယက သီလရှင်ဆရာကြီး ဒေါ်စန္ဒသိင်္ဂီနဲ့ စစ်ကိုင်းမြို၊ ဇေယျသိင်္ဂီချောင် သီလရှငါစာသင်တိုက်နာယက ဒေါ်ဝိသိင်္ဂီတိုထံ ဘွဲတံဆိပ်တော်နဲ့ အဆောင်အယောင်တွေ ဆက်ကပ်ပူဇော်ပါတယ်။သာသနာနုဂ္ဂဟ ဘွဲတံဆိပ်တွေကို ချီးမြှင့်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲရရှိတဲ့ လူပုဂ္ဂိုလ်၃ယောက်ကို ဘွဲတံဆိပ်နဲ့ အဆောင်အယောင်တွေ ချီးမြှင့်အပ်နှင်းပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သီရိသုဓမ္မမဏိဇောတဓရဘွဲရရှိတဲ့ လူပုဂ္ဂိုလ်၁ယောက်ကို ဘွဲတံဆိပ်နဲ့ အဆောင်အယောင်တွေကို ချီးမြှင့်အပ်နှင်းပါတယ်။ဆက်လက်ပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ တာဝန်ရှိသူတွေက သီရိသုဓမ္မသိင်္ဂီဘွဲရရှိကြသူတွေကို ဘွဲတံဆိပ်နဲ့အဆောင်အယောင်တွေ ချီးမြှင့်အပ်နှင်းကြပါတယ်။
ဒါ့အပြင် ကျန်တဲ့ဘွဲခံ ဆရာတော်ကြီးတွေ၊ သီလရှင်ဆရာကြီးတွေနဲ့ လူပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ နေပြည်တော်ကောငီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဝန်ကြီးချုပ်တွေနဲ့ တာဝန်ရှိသူတွေက ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြတယ်လိုလည်း သိရပါတယ်။ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ဇနီးဒေါ်ကြူကြူလှတိုနဲ့အတူ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အလှူရှင်တွေက ဆရာတော်၊ သံဃာတော်တွေနဲ့ သီလရှင်ဆရာကြီးတွေကို ဆွမ်းဆန်စိမ်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လောင်းလှူခဲ့ကြတယ်လို သိရပါတယ်။