မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့တဲ့ စစ်ကိုင်းမြို့က ရာဇာမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးကို စစ်ဆေးဖို့အတွက် ငြမ်းဆင်နေပြီ ဖြစ်တယ်လို့ ကောာင်းမှုတော်စေတီတော် ဂေါပက အဖွဲ့ကနေ သိရပါတယ်။ငလျင်ဒဏ်ကြောင့် စေတီတော် ပရဝဏ်အတွင်းရှိ သာသနိကအဆောက်အအုံတချို့ ထိခိုက်ပြိုကျပျက်စီးခဲ့သလို စေတီတော်ကြီးရဲ့ ကိုယ်ထည်မှာလည်း အက်ကွဲတာ၊ ဆေးကွာတာတွေရှိတဲ့အတွက် ပညာရှင်တွေ ကိုယ်တိုင် တက်ရောက်ပြီး စစ်ဆေးနိုင်ဖို့ သီတဂူဆရာတော်ကြီးရဲ့ လမ်းညွှန်မိန့်ကြားချက်နဲ့ ငြမ်းဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စေတီတော်ကြီးရဲ့ စိန်ဖူးတော်လည်း ထိခိုက်မှု ရှိခဲ့ပေမဲ့ မြေခတဲ့အထိတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။သာလွန်မင်းတရားကြီး တည်စဉ်ကတည်းကရှိခဲ့တဲ့ ဂန္ဓကုဋိတိုက် ၄ ခုနဲ့ အဝင်ပြာသာဒ် ၄ ခုကိုလည်း ပညာရှင် တွေနဲ့ စစ်ဆေးသွားမှာ ဖြစ်ပြီး ပြုပြင်လို့ရရင် ပြုပြင်မှာဖြစ်ကာ ပြုပြင်လို့မရရင် အသစ်တည်ဆောက် သွားမယ်လို့ သိရပါတယ်။တခြားပြိုကျပျက်စီးခဲ့တဲ့ စေတီတော် ပရဝဏ်အတွင်းက သာသနိကအဆောက်အအုံတွေကိုလည်း ဖယ်ရှား ရှင်း လင်းပြီး ဖြစ်တယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။