မန္တလေးငလျင်ကြီးကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်းက သမိုင်းဝင်အမွေအနှစ် အဆောက်အအုံ (၇၅)ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့ရတယ်လို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ငလျင်ကြီးကြောင့် မန္တလေး နဲ့ အင်းဝဒေသတိုရှိ ရှေးဟောင်းအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရင် အင်းဝ ရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာ ရှိတာကို စာရင်းကောက်ယူခဲ့ပေမယ့် မျက် မြင်အနေအထားအရ နှစ်ထပ်စေတီ မရှိခဲ့ဘူးလို ဆိုပါတယ်။

ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျ ကောက်ယူရာ မှာတော့ ပြိုပျက်နေတဲ့ စေတီတွေအတွင်းက မူလ စေတီ ငယ်ကို ငုံပြီးတည်ထားတဲ့ နှစ်ထပ်စေတီတွေကို သောတပန်ဘုရားအနီး အမှတ် ၉၃ စေတီမှာ (၁)ဆူ၊ ဒေါ်ဂျမ်း ဘုရားစုအတွင်း အမှတ် ၃၁၆ နဲ့ ၃၁၈ မှာ (၂)ဆူ၊ အမှတ် ၂၁ ကြေးနီမုဋ္ဌောမှာ (၁)ဆူ တွေ့ရှိရတယ်လို ဆိုပါတယ်။ဆက်လက်ပြီး မြသိန်းတန် ဘုရားအနီး ကိုစံငွေ ယာခင်းအနီးမှာ (၁)ဆူ၊ မင်္ဂလာရပ် ကျောဘက် ဦးထွန်းနိုင် ယာခင်းအနီးမှာ (၂)ဆူ၊ ရှင်ပင်ခရေသီးမှာ (၁)ဆူ၊ အနောက်ရိပ်သာဝင်းမှာ (၁)ဆူ၊ ပုလိပ်ဘုရားစုမှာ (၁)ဆူ၊ ကျောက်ဆည်မြို၊ အင်ရောင်းဘုရားစုမှာ (၁)ဆူ၊ မန္တလေးမြို၊ ကျောက်ဆည်မြိုနယ်၊ တောတွင်ရွာမှာ (၁)ဆူ၊ မန္တလေးမြို၊ ဘုရားနီ ဘုရားမှာ (၁)ဆူ၊ စုစုပေါင်း (၁၃)ဆူကို စိစစ်တွေ့ရှိရပါတယ်။ အလားတူ သုံးထပ်လိုဏ်ဂူ ဘုရားတွေကို ပင်းယမှာ (၁)ဆူ၊ မြစ်ငယ်မှာ (၃)ဆူ၊ စာတိုး မြိုပြင်ကြီးမှာ ၁ ဆူ စုစုပေါင်း ၃ ဆူကို စိစစ်တွေ့ရှိရ ပါတယ်။

ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို၊ ၈၁ လမ်းပေါ် ၂၁ လမ်းနဲ့ ၂၂ လမ်းကြားရှိ ဘုရားနီ ဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်တွေ ကွာကျပြီး အတွင်းမှာ အင်းဝခေတ်နှောင်းပိုင်း ကတည်းက တည်ထားခဲ့ တယ်လို ယူဆရတဲ့ စေတီရှိပြီး အဲဒီစေတီကို အမရပူရခေတ်မှာ တစ်ကြိမ် ထပ်မံငုံပြီး တည်ထားတာကို တွေ့ရှိရ တယ်လိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီအပြင် အင်းဝဒေသမှာလည်း ပထမအင်းဝခေတ်မှာ တည်ထားခဲ့တဲ့ ဘုရား (၉)ဆူအနက် အချို ဘုရားတွေမှာ ထပ်မံ မွမ်းမံပြင်ဆင်ထားတာတွေကိုလည်း ကနဦး စစ်ဆေးတွေ့ရှိတယ်လို ဆိုပါတယ်။ဒါ့အပြင် မန္တလေးငလျင်ကြီးကြောင့် ပေါ်ထွက်လာတယ်ဆိုတဲ့ တံတားဦးမြိုနယ်၊ အင်းဝရှေးဟောင်းနယ်မြေက ရေနန်းဆောင်ကို စနစ်တကျဖော်ထုတ်ပြီး အများပြည်သူလေ့လာနိုင်အောင် ဆောင်ရွက်နေတယ်လို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။